ကံကောင်းလို့တရားခံ မဖြစ်တယ်
28-Nov-2017စိတ်ကျဝေဒနာရှင်တစ်ဦး ပါးတစ်ခြမ်းရောင်ကိုင်း၍ ရောက်လာရာ ဆရာဝန်က -
“ ဘယ်လိုဖြစ်တာလဲဗျ ”
“ စိတ်ကျရင် ချစ်သူအနားမှာအိပ်ပါ။ နှစ်ခြိုက်စွာအိပ်ပျော်ပြီး ဝေဒနာပျောက်ကင်းနိုင်တယ်လို့ ဆရာပြောလိုက်လို့ ”
“ ဝင်အိပ်တာနဲ့ ပါးရောင်ကိုင်းတာနဲ့ ဘာဆိုင်လဲ ”
“ ဆိုင်တယ်ဆရာ။ ညကအရက်မူးပြီး ခယ်မလေးအနားမှာ ဝင်အိပ်မိတဲ့အတွက် ယောက္ခမကြီး လက်ဝါးစာမိသွားလို့ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်